ဖနောင်ပင်   ဖေဖော်ဝါရီ   ၂၃

ကမ္ဘောဒီးယားနိုင်ငံတွင် ယမန် နှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွား မှု ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့ကြောင်း အင်းဆက်ပိုးမွှားနှင့် ငှက်ဖျားရောဂါထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး ဟိုင်ရီကိုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။

ပြောကြား

နိုင်ငံအတွင်း   ငှက်ဖျားရောဂါဖြစ်ပွားမှုအရေအတွက်သည် ၂၀၂၄ ခုနှစ်တွင် ၃၂၂  ခုရှိခဲ့ရာမှ ယမန်နှစ်တွင် ၅၂ ခုသို့ လျော့ကျခဲ့ကြောင်း   သိရသည်။ယခုကဲ့သို့ နိုင်ငံအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုကျဆင်းလာခြင်းသည် ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် သိသာထင်ရှားသည့် လုပ်ငန်း အောင်မြင်မှုဖြစ်ကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း  ၂၀၁၈ ခုနှစ်မှ စတင်၍ ငှက်ဖျားရောဂါကြောင့် သေဆုံးသူကို မတွေ့ရှိရကြောင်း သိရသည်။ နိုင်ငံအတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ကျဆင်းလာရခြင်းမှာ ရောဂါကာကွယ်စောင့်ကြည့် ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းအပါအဝင် နိုင်ငံသားများအတွက် လိုအပ်သည့် အသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည့်အပြင်   ငှက်ဖျားရောဂါ စစ်ဆေးရေးကိရိယာများ အပါအဝင် ဆေးစိမ်ခြင်ထောင်များနှင့် ငှက်ဖျားရောဂါဆိုင်ရာ ဆေးများ ကို ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ငှက်ဖျားရောဂါကာကွယ်ရေးလုပ်ငန်းများ အောင်မြင်ရခြင်း မှာ အစိုးရနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၏   ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

အောင်မြင်စွာ ကာကွယ်တားဆီး

လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ငှက်ဖျားရောဂါကို အောင်မြင်စွာ ကာကွယ်တားဆီးနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး ၂၀၂၉ ခုနှစ်တွင် ငှက်ဖျားရောဂါတိုက်ဖျက်အောင်မြင်သည့် အသိအမှတ်ပြုလက်မှတ်ကိုရယူရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း   ၎င်းက ပြောကြားသည်။ ငှက်ဖျားရောဂါသည်  ခြင်မှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်ပြီး နိုင်ငံအတွင်းရှိ သစ်တောနှင့် တောင်တန်းဒေသပြည်နယ်များတွင်   မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ