ရန်ကုန် ဖေဖော်ဝါရီ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၄)ရပ်ကွက် ဦးဝိစာရလမ်း စီးပွားရေးဖွံ့ဖြိုးမှုဇုန်သို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေး (ညွှန်ကြားရေးမှူး)နှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုကြီး (လက်ထောက်ညွှန်ကြားရေးမှူး) တို့သည် ယနေ့နံနက်ပိုင်းက စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အကွက်အမှတ် (C-2)ရှိ Nine Star အထည်ချုပ်စက်ရုံကို စက်ရုံမီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ပိုင်ရှင်၊ လုပ်ငန်းတာဝန်ခံများအား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး (၃၄)ရပ်ကွက် စက်မှုဇုန်နယ်မြေရှိ မီးသတ်စခန်း ဆောက်လုပ်မည့် မြေနေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ