နေပြည်တော် ဖေဖော်ဝါရီ ၂၃

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆)၏ မြေဧက သုံးဧကပေါ်တွင် Rainbow ဝန်ဆောင်မှုသမဝါယမအသင်း လီမိတက်မှ စံပြစက်မှုလယ်ယာဖော်ထုတ်၍ မိုးရာသီ၌ GW-11 စပါးမျိုးများကိုလည်းကောင်း၊ ဆောင်းသီးနှံအဖြစ် ရုရှားနေကြာ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်စသည်တို့ကို မျိုးကောင်းမျိုးသန့်များရွေးချယ်ကာ ရုရှားမြေဩဇာနှင့် သဘာဝမြေဩဇာများအသုံးပြု၍ နှစ်စဉ်စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

 

ထို့ပြင် အသားတိုးကြက်ကောင်ရေ ၁၁၀၀ ကိုလည်း မွေးမြူထားရှိပြီး ထွက်ရှိလာသော သီးနှံများနှင့် အသားငါးများကို ဝန်ထမ်းများ၊ အသင်းသူ အသင်းသားများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက်သာမက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသော သမဝါယမအသင်းများအတွက် စံနမူနာအဖြစ် အတွေ့အကြုံကောင်းများရယူနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်