မော်လမြိုင် ဖေဖော်ဝါရီ ၂၄

 

မွန်ပြည်နယ် ကျိုက်မေရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဟောပြော

အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ နိုင်ငံတော်၏ အထိမ်းအမှတ် တံဆိပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်အလံ ဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ လောင်းကစား ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာ စောင့်သိပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေပါအတိုင်း ပါတီနိုင်ငံရေးကင်းရှင်း၍ မိမိတို့တာဝန် ထမ်းဆောင်ရာတွင် နိုင်ငံတော်တိုးတက်ရေး၊ ဝန်ကြီးဌာန အဖွဲ့အစည်းတိုးတက်ရေးကို အာရုံစိုက်၍ ပညာရှင်ပီသစွာ ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ဟောပြောသည်။

 

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည့် ဥပဒေများနှင့် ဥပဒေဗဟုသုတများကို မေးမြန်းရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေအရာရှိတို့က ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် မွန်ပြည်နယ် ဥပဒေချုပ်က ကျိုက်မရောမြို့နယ် ပြည်သူများ ဖတ်ရှုလေ့လာအသုံးပြုနိုင်ရန် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေစုစုပေါင်း ၂၂၅ မျိုးပါသည့် ဥပဒေစာအုပ်များ၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ စာအုပ် ၅၀ ကို အခမဲ့ပေးအပ် လှူဒါန်းရာ ကျိုက်မရောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးဦးက လက်ခံရယူပြီး အွန်လိုင်းလိမ်လည်ကျူးလွန်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး Video Clip အား အသိပညာပေး ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)