နေပြည်တော် ဖေဖော်ဝါရီ ၂၄

 

နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ အသက် သုံးနှစ်မှ ငါးနှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရင်သွေးရတနာမူလတန်းကြိုကျောင်း စုပေါင်းခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ နေပြည်တော် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက အမှာစကားပြောကြားသည်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသား သင်တန်းသူများပြုလုပ်ထားသည့် သင်ထောက်ကူ၊ လက်မှုများအား ကြည့်ရှုအားပေးကြသည်။

 

အဆိုပါသင်တန်းသို့ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ ၃၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

 မြို့နယ်(ပြန်/ဆက်)