ရန်ကုန်  ဖေဖော်ဝါရီ ၂၄

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၇)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး သုတေသနစာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပသည်။

 

ဖတ်ကြားမည်

 

အဆိုပါသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း ၈၄ စောင်ကို နှစ်ရက်တာ ဖတ်ကြားမည်ဖြစ်ပြီး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဘာသာရပ်ပေါင်းစုံ ဈေးရောင်းပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)