ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အထက(၁) စာစစ်ဌာနအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ကြသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များက၊ အထက(၁) တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် မီးဘေးအန္တရာယ်ကင်း ဝေးစေရေးအတွက် မီးသတ်ဆေးဘူးထားရှိမှုနှင့် ရေလှောင်ကန်များထားရှိမှုစစ်ဆေးခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ သွယ်တန်းထားရှိမှုများနှင့် မီးခလုတ်များ စစ်ဆေးခြင်းကို ဆောင်ရွက်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)


