၂၁ မတ်

 

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားတွင် ဗဟိုအရန်ရဲတပ်ဖွဲ့ (CRPF) ၏ တပ်ဖွဲ့ဝင်တစ်ဦးသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက် သုံးဦးကို ပစ်ခတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့တာဝန်ရှိသူ ဟရင်ဒါ ကူမား က မီဒီယာကို ပြောကြားခဲ့သည်။

 

ထိုပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ထိုသုံးဦးကို ပစ်ခတ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနှင့် ထိုပစ်ခတ်မှုနှင့် ပတ်သက်၍ တိကျသောသတင်းရရှိရန် စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားခဲ့သည်။

 

အဆိုပါ ပစ်ခတ်မှုမှာ တပ်စခန်းအတွင်း ယမန်နေ့ည ၁၀ နာရီ က ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင်များအကြား သဘောထားကွဲလွဲရာမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖြစ်ရခြင်းမှာ မိသားစုခွဲခွာနေရခြင်း ၊ တာဝန်ချိန်များပြားခြင်း ၊ နားနေအပန်းဖြေစရာ မရှိခြင်း ၊ အုပ်ချုပ်မှုညံ့ဖျင်းခြင်း တို့ကြောင့် ဖြစ်သည်ဟု ကျန်းမာရေး ပညာရှင်များက  ဆိုသည်။

 

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား -ဆင်ဟွာ