မြစ်သား ဖေဖော်ဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျာက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ  အောင်ချက်မြင့်မားရေးအတွက် ကျောက်ဆည် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်က မြစ်သားမြို့ အနော်ရထာခန်းမနှင့် ကူမဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြစ်သားမြို့ အနော်ရထာခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ၄၂၄ ဦးနှင့် ကူမဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၅၂၆ ဦးနှင့် အထက်တန်း ဘာသာရပ်သင်ကြားသည့် ဆရာ၊  ဆရာမ ၉၂ ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)