၂၁ မတ်
ဂျပန်နိုင်ငံတွင် စီရင်စုနယ် အုပ်ချုပ်ရေးမှူးများ အဖြစ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် လာမည့် ဧပြီလ ရွေးကောက်ပွဲမတိုင်မီ ၎င်းတို့၏ စည်းရုံးလှုံ့ဆော်မှုများကို လမ်းများပေါ်ထွက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုရွေးကောက်ပွဲသည် နိုင်ငံတစ်ဝန်းလုံး လေးနှစ်တစ်ကြိမ်ကျင်းပသော ပြည်တွင်းရွေးကောက်ပွဲများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
အဆိုပါ စီရင်စုနယ် ၁၁ ခုတွင် အုပ်ချုပ်ရေးမှူး ရာထူး မဲဆွယ်စည်းရုံးမှုများ ယနေ့စတင်ပြုလုပ်ခဲ့ကြသည်။
အမျိုးသား အတိုက်အခံပါတီများ စုရုံးပြီး ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အာဏာရညွန့်ပေါင်းအဖွဲ့ကို ဖယ်ရှားရန် အလားအလာရှိကြောင်း သိရသည်။
မဲဆန္ဒရှင်များသည် ဧပြီလ ၇ ရက်နေ့တွင် စီရင်စုနယ်နှင့် မြို့တော်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအသစ်များကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်းနှင့် တရားဝင် စည်းရုံးလှုံ့ဆော်ရေးများ ယခုလနှောင်းပိုင်းမှစတင် ပြီးပြုလုပ်ကြောင်း ဖော်ပြထားသည်။
ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား -အန်အိတ်ချ်ကေ