သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူများအား Smart Card (Biomertric Card)များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနမှ နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀)နှစ်အထက်ရှိသူများကို Electronic စနစ်ဖြင့် ကိုယ်ရေးအချက် အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူ မှတ်ပုံတင်၍ ဂဏန်း (၁၀) လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိရာ အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထား လက်မှတ်တစ်ခုခုအား တစ်ပါတည်း ယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။
Smart Card များအား အစိုရရုံးပိတ်ရက်များမှအပ နေ့စဥ် နံနက် ၉ နာရီခွဲမှ မှညနေပိုင်းအထိ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


