နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများအပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး အပတ်စဉ် သောကြာနေ့ညများတွင် Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၇ ရက် သောကြာနေ့ညတွင် မြန်မာ-ကိုရီးယား ယဉ်ကျေးမှုဖလှယ်ရေး ဖျော်ဖြေမှုအစီအစဉ်အဖြစ် ကိုရီးယားနိုင်ငံမှ နာမည်ရအနုပညာရှင်များ၏ “K-Music Friday Night Live Show” တေးဂီတဖျော်ဖြေပွဲဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
“K-Music Friday Night Live Show” တေးဂီတဖျော်ဖြေပွဲကို ကိုရီးယားနိုင်ငံတွင် ကြယ်သုံးပွင့်အဆင့်ရှိသည့် K-Pop အဆိုရှင်များဖြစ်ကြသည့် Kim Gunwoo နှင့် Henny၊ ကြယ်နှစ်ပွင့်အဆင့်ရှိသည့် Dream Kids K-Pop ကလေးအဖွဲ့တို့က မြူးကြွသွက်လက်သည့် အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၏ MRTV-HD Channel၊ MRTV Entertainment Channel တို့မှ ဖေဖော်ဝါရီ ၂၇ ရက် သောကြာနေ့ ည(၉)နာရီခန့်တွင် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမှုနှင့်အတူ MRTV App နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်ရာ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ထို့ပြင် မတ် ၁ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း MRTV-HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


