သာယာဝတီ ဖေဖော်ဝါရီ ၂၆

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်နှင့် မင်းလှမြို့နယ်တို့အတွင်း ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်နံနက်ပိုင်းမှစပြီး အုတ်ဖိုမြို့နယ် မင်းလှရေလှောင်တမံမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သာယာဝတီခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

 

အုတ်ဖိုမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေ ဖူလုံစေရေးအတွက် နှစ်စဉ် မင်းလှရေလှောင်တမံမှ ဆည်ရေများကို ရေလွှဲဆည်၊ တူးမြောင်းမကြီးနှင့် လက်တံမြောင်းတို့မှတစ်ဆင့် ဖြန့်ဝေဆောင်ရွက်ပေးရာ တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မင်းလှရေလှောင်တမံမှ ဆည်ရေဖြင့် အုတ်ဖိုမြို့နယ်၌ နွေစပါး ဧက ၂၅၀၀ နှင့် မင်းလှမြို့နယ်၌ နွေစပါးဧက ၃၆၆၀ စုစုပေါင်း ဧက ၆၁၆၀ လျာထား စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)