ကျိုက်ထို ဖေဖော်ဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသနေပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို နှစ်စဉ်ဘဏ္ဍာငွေများ ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်အတွင်း ကြာဖြူ-ကျိုက်ပိလမ်း နှစ်မိုင်အနက် လေးဖာလုံ ကတ္တရာ ခင်းခြင်းလုပ်ငန်း ကျိုက္ကသာ-စွပ္ပနူးလမ်း ပေ ၃၀၀၀ ကတ္တရာခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် လေးပေ Box Culvert သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျိုက်ထိုမြို့နယ် ကြာဖြူ၊ ကျိုက်ပိ၊ ကျိုက္ကသာ၊ ကျောက်ရေကန်၊ စွပ္ပနူးကျေးရွာများရှိ လူဦးရေ ၁၂၄၀၁ ဦးကို အကျိုးပြုပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


