ကလော ဖေဖော်ဝါရီ ၂၆

 

ကလောမြို့ ကလောချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းများ တားဆီးကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ကလောမြို့နယ် စည်ပင်သာယာရေး ဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ကလောမြို့မ‌ဈေးအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။

 

အဆိုပါ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ သုံးစွဲမှုလျှော့ချရေး လုပ်ငန်းများတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကလောမြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ ကလောမြို့မ‌ဈေးအတွင်းရှိဈေးဆိုင်များနှင့် ဈေးဝယ်သူများအား အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ Recycle Bag များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

စိုးလင်း(တောင်ကြီး)