ချောင်းဆုံ ဖေဖော်ဝါရီ ၂၆

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကြံ့ခိုင်မှုမရှိသော နေအိမ်များအား အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဟင်္သာကျွန်း ကျေးရွာ၌ နေအိမ်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေကေခိုင်လွင်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများပူးပေါင်းကာ မြို့နယ်အတွင်းရှိ ဘေးသင့်နိုင်သည့် ပင်လယ် ကမ်းစပ်ကျေးရွာများဖြစ်သည့် နတ်မှော်၊ ဇီးကုန်း၊ ဆယ်ပလာ၊ ခရိုက် နှီးဟု၊ ချောင်းဆုံအနောက်ရပ်ကွက်နှင့် ဟင်္သာကျွန်းကျေးရွာတို့ရှိ ကြံ့ခိုင်မှုမရှိသောနေအိမ် ၆၀၀ ခန့်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုကျော်(ချောင်းဆုံ)