နေပြည်တော် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ MANDALAY BUSINESS CAPITAL CITY DEVELOPMENT LTD နှင့် Bago Yoma Eco Resort တို့က အဓိကကူညီပံ့ပိုးသော ၂၀၂၆ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဒုတိယပွဲစဉ် ဖြစ်သော(မန္တလေးပွဲစဉ်) တတိယနေ့ကို ဖေဖော်ဝါရီ ၂၆ ရက်က မန္တလေးမြို့ရှိ ရေတံခွန်တောင်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတတိယနေ့အပြီး ပရော်ဖက်ရှင်နယ် အဆင့်ပြိုင်ပွဲတွင် သီဟဌေး(HAN Golf Masters) က စုစုပေါင်းရိုက်ချက် ၂၁၀ ဖြင့် သတ်မှတ်ရိုက်ချက်ထက် ခြောက်ချက် လျော့ရိုက်ကာ ပထမ၊ လွင်မိုးက စုစုပေါင်းရိုက် ချက် ၂၁၂ ချက်ဖြင့် သတ်မှတ် ရိုက်ချက်ထက် လေးချက်လျော့ ရိုက်ကာ ဒုတိယ၊ ရန်မျိုးအေးက စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် တတိယ၊ စီနီယာပရော်ဖက် ရှင်နယ်အဆင့်ပြိုင်ပွဲတွင် မင်းနိုင်က စုစုပေါင်းရိုက်ချက် ၁၄၃ ချက် ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်ကာ ပထမ၊ ကျော်မိုးက စုစုပေါင်းရိုက်ချက် ၁၅၂ ချက်ဖြင့် ဒုတိယ၊ မျိုးဝင်းထွန်းက စုစုပေါင်းရိုက်ချက် ၁၅၅ ချက်ဖြင့် တတိယ၊ ဝါသနာရှင်အဆင့် အမျိုးသားပြိုင်ပွဲတွင် လှိုင်မင်းထက်က စုစုပေါင်းရိုက် ချက် ၂၂၄ ချက်ဖြင့် ပထမ၊ ပြည့်ဖြိုးအောင်က စုစုပေါင်းရိုက်ချက် ၂၂၅ ချက်ဖြင့် ဒုတိယ၊ အေးချမ်းသူက စုစုပေါင်းရိုက်ချက် ၂၂၆ ချက်ဖြင့် တတိယ၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲတွင် ချိုသာအောင်က ရိုက်ချက် ၇၆ ချက်ဖြင့် ပထမ၊ ခင်ဇာနည်အောင်က ရိုက်ချက် ၇၈ ချက်ဖြင့် ဒုတိယ၊ ခိုင်ဇင်အောင်က ရိုက်ချက် ၈၀ ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။
ပြိုင်ပွဲနောက်ဆုံးနေ့ကို ဖေဖော် ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ယခုပြိုင်ပွဲကို Alpine သောက်ရေသန့်နှင့် Burmese Golf (BG) တို့ကလည်း ထပ်မံပံ့ပိုးကူညီကြောင်း သိရသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MGF


