ရန်ကုန် ဖေဖော်ဝါရီ ၂၈
မတ် ၂၀ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ONE Friday Fights 147 ပြိုင်ပွဲတွင် မြန်မာလူငယ်ဖိုက်တာ ကျော်စွာဝင်း တွဲဆိုင်းပါဝင်လာမည်ဖြစ်သည်။
ကျော်စွာဝင်းသည် ထိုင်းဖိုက်တာ ဆာမီဒမ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး နှစ်လဝန်းကျင်အတွင်း ဒုတိယမြောက် ထိုးသတ်ရခြင်းဖြစ်သည်။ ကျော်စွာဝင်းသည် ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့် ONE Friday Fights 139 ပြိုင်ပွဲတွင် ပထမဆုံးပွဲထိုးသတ်ခဲ့ရပြီး ဂျပန်ဖိုက်တာမူဂါကို ဒုတိယအချီတွင် အလဲထိုးအနိုင်ရထားသည်။ ဆာမီဒမ်မှာမူ ONE နှင့် ပွဲပေါင်းများစွာ ထိုးသတ်ဖူးပြီး ၁၁ ပွဲ ထိုးသတ်ရာတွင် ရှစ်ပွဲနိုင်၊ သုံးပွဲအရေးနိမ့်ထားသည်။ မြန်မာဖိုက်တာများဖြစ်သည့် မိုးထက်အောင်၊ ဆွန်ရတ်တို့ကို အနိုင်ယူထားသူဖြစ်ပြီး နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - onefc


