မိတ္ထီလာ မတ် ၂

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါး(ရေဆင်းပေါ်ဆန်း-၂) ပျိုးထောင်ခြင်းသရုပ်ပြပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ တောင်သူ ဦးဖုန်းမြင့်၏ စိုက်ဧက၌ ကျင်းပသည်။

 

အဆိုပါပျိုးထောင်ခြင်းသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက အမှာစကားပြောကြားပြီး စိမ်းလန်းမြေကုမ္ပဏီလီမိတက်မှ တာဝန်ခံ ဦးမောင်မောင်ထွန်းက ကောက်စိုက်စက်ဖြင့် ပျိုးထောင်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသကာ ဒေသခံတောင်သူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)