ရန်ကုန်  ၂၁ မတ်  


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မြေအောက်ထပ်တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုကို မတ် ၂၂ ရက် (သောကြာနေ့) တွင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


လေ့ကျင့်မှုတွင် မီးတောက်များနှင့် မီးခိုးများ၊ အရေးပေါ်အချက်ပေးသံများ၊ မီးသတ်ယာဉ်များ၊ မီးသတ်ဝန်ထမ်းများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဝန်ထမ်းများ အရေးပေါ်ထွက်ပေါက်မှ စုရပ်သို့ တစ်ပြိုင်နက် ရောက်ရှိစုဝေးခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


အဆိုပါလေ့ကျင့်မှု ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ အားလုံး ပုံမှန်အတိုင်း ဆက်လက်လည်ပတ် နေမည်ဖြစ်ပြီး အများပြည်သူ အထိတ်တလန့်မဖြစ်စေရန် ကြိုတင်အသိပေး ကြေညာထားကြောင်း သိရသည်။


မျိုးမင်းသိန်း(မရမ်းကုန်း)
Photo> Yangon International Airport