ကမ်ပါလာ  မတ်  ၂

ယူဂန္ဓာနိုင်ငံအလယ်ပိုင်း   ကျန်ခ်ဝမ်ဇီခရိုင်၌  မတ် ၁ ရက် အစောပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံးကာ ခုနစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဒေသစံတော်ချိန်   နံနက်  ၄ နာရီခန့်က ကီဘိုဂါ- ဟိုမာ  အဝေးပြေးလမ်းမတစ်လျှောက် ခါယာခါဘူဂါကျေးရွာ၌  ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် ကမ်ပါလာမှ ဟိုမာသို့သွားစဉ် မျက်နှာချင်းဆိုင်မှလာသည့်  ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါထရပ်ကားမှာ မီးသွေးများ သယ်ဆောင်လာကြောင်း ဝါမာလာဒေသတွင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ  လမ်မစ်ခ်ကီဂိုဇီက ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့်   ယာဉ်နှစ်စီး   မီးလောင်သွားခဲ့ကြောင်း၊ ဘတ်စ်ကားပေါ်မှ နှစ်ဦးနှင့် ထရပ်ကားပေါ်မှ လေးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။ ယာဉ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။                       

ဆင်ဟွာ