နေပြည်တော် ၂၁ မတ်
    

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် Japan Myanmar Association (JMA) ၏ Chairman, Mr. Hideo WATANABE တို့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ဂျပန်နိုင်ငံသို့ အလုပ်သင်အလုပ်သမား စေလွှတ်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် အလုပ်သမားများ စေလွှတ်ရေးတို့အတွက် အလုပ်သမားစိစစ်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေသည့် Japan Myanmar Association မှ ကြိုတင်စစ်ဆေးမှု၊ အလုပ်သမား ခေါ်ယူစာများနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်မှစတင်ကာ ပူးပေါင်းလုပ်ဆောင်ခဲ့မှု၊ ယခင်စိစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဂျပန်နိုင်ငံရှိ အလုပ်သင်အလုပ်သမားများကို ပြုစုထားသည့် အသေးစိတ် သတင်းအချက်အလက်များအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ စနစ်တကျ လွှဲပြောင်းပေးရန် စီစဉ်ထားမှုနှင့် အလုပ်သင် အလုပ်သမားများ စနစ်တကျရှိစေရန် ယခုထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို ဆွေးနွေးကြသည်။ 

 


(သတင်းစဉ်)