နေပြည်တော် မတ် ၃

 

(၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲ (Pre-Conference Workshop) ကို ယနေ့နံနက်ပိုင်းတွင် မေ့ဆေးပညာဌာနနှင့် ခွဲစိတ် ကုပညာဌာနတို့က ဦးဆောင်၍ အောင်ပန်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀) မေ့ဆေးပညာဌာန၌ ပြုလုပ်ရာ ကလောတပ်နယ်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများနှင့် အခြားဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း ၃၄ ဦး တက်ရောက်၍ ပါဝင်ဆွေးနွေး ကြသည်။

 

ဦးစွာ ဆေးရုံတပ်မှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပါရဂူများနှင့် တာဝန်ရှိသူများက “ဘေးအန္တရာယ် ကျရောက်နေသည့် ကာလအတွင်း ခေတ်မီ အသက်ကယ် ထိန်းသိမ်းကုသခြင်း”ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ အဆိုပါ (၃၁)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မတ် ၄ ရက်မှ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်