မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို အကျဉ်းဦးစီးဌာန မကွေးဗဟိုအကျဉ်းထောင်တွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်စင်က မီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် မကွေးခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရှေးဦးမီးငြှိမ်းသတ်ရေး ပစ္စည်းဖြစ်သော မီးသတ်ဆေးဘူးကို နည်းစနစ်မှန်ကန်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ရှင်းလင်း ပြောကြားခြင်း၊ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းများကို ဇာတ်တိုက် လေ့ကျင့်ပြသပေးရာ အကျဉ်းဦးစီးဌာန မကွေးဗဟိုအကျဉ်းထောင်မှ ဝန်ထမ်းများနှင့် မိသားစုဝင်စုစုပေါင်း ၇၉ ဦးတို့က ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


