မကွေး မတ် ၃

 

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်သည် သရက်ခရိုင်မီးသတ်ဦးစီးမှူး၊ မင်းလှမြို့နယ်မီးသတ်ဦးစီးမှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အင်ဂျင်နီယာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ မင်းလှမြို့နယ် မန်းသံပုရာကန်ရေနံချက်စက်ရုံသို့ ယနေ့နံနက်ပိုင်းက စက်ရုံ၏ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ မီးတားလမ်း ဖောက်လုပ်ထားရှိမှုများကို သွားရောက်စစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် စက်ရုံမှူးနှင့် လုံခြုံရေးဌာနမှူးတို့က စက်ရုံအတွင်း ဆောင်ရွက်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးတားလမ်းဖောက်လုပ်ထားရှိမှုများ၊ စက်ရုံမီးသတ်ဌာန အကြောင်းများကို မြေပုံနှင့်ရှင်းလင်း၍ စက်ရုံအတွင်း မီးတားလမ်း ဖောက်လုပ်ထားမှု အခြေအနေများ၊ ဆောင်ရွက်ထားသော မီးဘေး လုံခြုံရေးအစီအမံများ၊ စက်ရုံမီးသတ်ဌာနတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သော အကြံပြုချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကောင်းစစ်နိုင်