နေပြည်တော် မတ် ၃
အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦးက အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်ထူးထိုက်ထိုက်ထွန်းက အခြေခံအင်္ဂလိပ်စာသင်ခန်းစာ ပို့ချမှုနှင့် Diamond Star ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြဆရာ ဦးဆုလာဒ်ပိုင်က အခြေခံပန်းချီရေးဆွဲနည်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ် ၃ ရက်မှ ၃၁ ရက်အထိ Wisdom Hill ကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် Diamond Star ကိုယ်ပိုင်အထက်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာ ဆရာမများက သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)


