မကွေး မတ် ၃
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်သည် သရက်ခရိုင်မီးသတ်ဦးစီးမှူး၊ မင်းလှမြို့နယ်မီးသတ်ဦးစီးမှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အင်ဂျင်နီယာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မင်းလှမြို့နယ်မန်းသံပုရာကန်ရေနံချက်စက်ရုံသို့ ယနေ့နံနက်ပိုင်းက စက်ရုံ၏မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ မီးတားလမ်းဖောက်လုပ်ထားရှိမှုများကို သွားရောက်စစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် စက်ရုံမှူးနှင့် လုံခြုံရေးဌာနမှူးတို့က စက်ရုံအတွင်း ဆောင်ရွက်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မီးတားလမ်းဖောက်လုပ်ထားရှိမှုများ၊ စက်ရုံ မီးသတ်ဌာနအကြောင်းများကို မြေပုံနှင့်ရှင်းလင်း၍ စက်ရုံအတွင်း မီးတားလမ်းဖောက်လုပ်ထားမှုအခြေအနေများ၊ ဆောင်ရွက်ထားသော မီးဘေးလုံခြုံရေးအစီအမံများ၊ စက်ရုံမီးသတ်ဌာနတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သောအကြံပြုချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကောင်းစစ်နိုင်


