ဟနွိုင်း  မတ်  ၃

ဗီယက်နမ်အမျိုးသား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန်သော အကြံပြုချက်များနှင့်အညီ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခဖြစ်ပွားသည့် ဇုန်များနှင့် အန္တရာယ်ရှိဒေသများသို့ ခရီးသွားရောက်ခြင်းကို ရပ်ဆိုင်းထားရန် ခရီးသွားအေဂျင်စီများကို ညွှန်ကြားထားကြောင်း ဗီယက်နမ်သတင်းဌာနက မတ် ၃ ရက်တွင် အစီရင်ခံဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းဒေသအများအပြားတွင် တည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့်   ပဋိပက္ခဖြစ်ပွားမှုများကြောင့်  ယင်းကဲ့သို့  ညွှန်ကြားချက်ထွက်ပေါ် လာခြင်းဖြစ်သည်။ ပဋိပက္ခဖြစ်ပွားသည့်နေရာများတွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အနီးကပ်စောင့်ကြည့်ရန်နှင့်  သက်ဆိုင်ရာအာဏာပိုင်များ၏ အကြံပြုချက်များကို  လိုက်နာကြရန် ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ခရီးသွားကုမ္ပဏီများကို တိုက်တွန်းထားသည်။

ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ရောက်ရှိနေသည့် ခရီးသွားအဖွဲ့များအတွက်  ခရီးသွားကုမ္ပဏီများသည် ခရီးသွားများ ဘေးအန္တရာယ်ကင်းစေရန်နှင့် လိုအပ်လာပါက   နိုင်ငံသားအကာအကွယ်ပေးရေးအစီအမံများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် အိမ်ရှင်နိုင်ငံများရှိ မိတ်ဖက်များနှင့် ဗီယက်နမ်သံတမန်အဖွဲ့များနှင့် နီးကပ်သည့် ဆက်သွယ်မှုရှိရန် လိုအပ်သည်ဟုဆိုသည်။

ဆင်ဟွာ