တိုကျို မတ် ၃
ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသ များတွင် မတ် ၃ ရက်မှ ၄ ရက်အထိ နှင်းများ ထူထပ်စွာကျဆင်းမည်ဖြစ်ကြောင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် ဆီးနှင်းကျဆင်းမှုကြောင့် အခြားအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသအရာရှိများက သတိပေးဖော်ပြထားသည်။
တိုဟိုကူဒေသနှင့် တောင်ကုန်းထူထပ်သော ကန်တိုကိုရှင်းဒေသတွင် ဆီးနှင်းများ ပိုမိုထူထပ်စွာကျဆင်းမည်ဖြစ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ဖော်ပြထားသည်။
မတ် ၄ ရက် ညနေပိုင်းအထိ ၂၄ နာရီ အတွင်း တိုဟိုကူဒေသ ပစိဖိတ်ဘက်ခြမ်း တောင်ကုန်းထူထပ်သောနေရာများတွင် ဆီးနှင်းများ စင်တီမီတာ ၄၀ ကျော်သည်အထိ ထူထပ်စွာကျဆင်းမည်။
ကန်တိုမြောက်ပိုင်း တောင်ကုန်းထူထပ်သောဒေသများတွင် ဆီးနှင်းကျဆင်းမှု စင်တီမီတာ ၃၀ အထိရှိမည်။ ကိုရှင်ဒေသတွင် ၁၅ စင်တီမီတာ၊ ကန်တိုမြောက်ပိုင်းတွင် ၁၀ စင်တီမီတာအထိ ကျဆင်းမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
ခန့်မှန်းထားသည်ထက် အပူချိန်ပိုမိုကျဆင်းမည်ဆိုပါက ဆီးနှင်းစုပုံမှုများသည် တိုကျိုမြို့ ၂၃ ရပ်ကွက်လုံး ဖြစ်ပွားမည်ဖြစ်သည်။
နောက်ဆုံး မိုးလေဝသသတင်းအချက်အလက်များကို ဂရုတစိုက်စောင့်ကြည့်ရန် မိုးလေဝသဌာနက ပြည်သူများအား တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ


