တန့်ယန်း မတ် ၄

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၆) ဖြင့် သာသနာတော်ဆိုင်ရာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးနှစ်ပါးအား ယနေ့ မွန်းလွဲ ၃ နာရီက မြို့ဝင်မုခ်ဦးမှ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်သို့ ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပူဇော်ကြသည်။

 

အဆိုပါ ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပူ‌ဇော်ပွဲတွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဓမ္မဂုဏ် ရည်ကျောင်းတိုက် တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း) နှင့် ကိုင်းကုန်းပရိယတ္တိ ဆရာတော် ဘဒ္ဒန္တမောနေယျတို့အား နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ကျော်မျိုးမြင့်နှင့်ဇနီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက မြို့ဝင်မုခ်ဦးမှစတင်၍ မဟာမြတ်မုနိ ဘုရားကြီး ကျောင်းတိုက်သို့ ဂုဏ်ပြုကြိုဆို ပင့်ဆောင်ပူဇော်ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)