ကျောက်မဲ မတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် တပေါင်းလပြည့်နေ့အထိမ်းအမှတ် (၄၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂ ရက် မွန်းလွဲ ၁ နာရီက စိန္တာမုနိစေတီရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အဆိုပါ လှူဒါန်းပွဲကို ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၄၇ ကျောင်းမှ သံဃာတော် ၈၂၄ ပါးနှင့် သီလရှင် ၁၄၁ ပါးတို့အား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါတရားပြည့်ဝစွာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


