ကျိုက်ထို မတ် ၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးနှစ်ပါးအား ပုနဂုဏဝိသိဋ္ဌ မင်္ဂလာ ချီးကျူးဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ် ဆုတောင်းပြည့် ရွှေဘုံသာဘုရားဝင်း မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးစိန်မင်းထွန်း၊ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံ ဘွဲ့တံဆိပ်တော်အဆောင်အယောင်နှင့် နဝကမ္မလှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ ရတနာကံဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိက္ခသာရက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


