ရွှေပြည်သာ မတ် ၄
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်စက်မှုဇုန်(၁)နှင့် ဝါးတစ်ရာစက်မှုဇုန်ရှိ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌနှင့် စက်ရုံအလုပ်ရုံ ၁၂၆ ရုံရှိ လုပ်ငန်းရှင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဝါးတစ်ရာ စက်မှုဇုန်ကော်မတီရုံး၌ ကျင်းပသည်။
အသိပညာပေးရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ 191 Report Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပို့သည့်စနစ်များ ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)


