ရန်ကုန်    မတ်    ၄

၂၀၂၅-၂၀၂၆  ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၂၀)ကို မတ် ၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ Galaxy အသင်း နိုင်ပွဲရယူပြီး လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည်။

Galaxy အသင်းသည် ဒုတိယနေရာမှ 7 Brother အသင်းထက် လက်ကျန်နှစ်ပွဲအလိုတွင် ကိုးမှတ်အသာရထားသဖြင့် ချန်ပီယံဆုအား စောစီးစွာရယူနိုင်ခဲ့သလို   လာမည့်ရာသီ  လိဂ်-၁ ပြိုင်ပွဲကိုလည်း တန်းတက်ခွင့်ရခဲ့သည်။ ပွဲစဉ်(၂၀)တွင် YRG Academy  အသင်းက ရွှေပြည်သာယူနိုက်တက် အသင်းကို ရှစ်ဂိုး-တစ်ဂိုး၊  KKY   အသင်းက 7 Dragon အသင်းကို ရှစ်ဂိုး-သုံးဂိုး၊ Black Cross အသင်းက A.C Milksteak အသင်းကို   နှစ်ဂိုး-တစ်ဂိုး၊   Maryar Noka အသင်းက   Kyaung Sayar Tharhtwe အသင်းကို ရှစ်ဂိုး-နှစ်ဂိုး၊ Galaxy အသင်းက ULAD အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရပြီး 7 Brother အသင်းနှင့်   JZ   Yangon အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

ပွဲစဉ်(၂၀)အပြီးတွင် Galaxy အသင်းက ရမှတ် ၅၅ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး 7 Brother အသင်းက ၄၆ မှတ်၊ ULAD အသင်းက ၄၂ မှတ်၊ Maryar Noka အသင်းက ၄၁ မှတ်၊ YRG Academy အသင်းက ၃၇ မှတ်၊ 7 Dragon အသင်းက ၃၂ မှတ်၊ KKY အသင်းက ၂၉ မှတ်၊ Kyaung Sayar Tharhtwe အသင်းက ၂၀ မှတ်၊ JZ Yangon အသင်းက ၁၈ မှတ်၊ A.C Milksteak အသင်းက ၁၃ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ၁၀ မှတ်၊ Black Cross အသင်းကခြောက်မှတ်ရရှိထားသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF