ခတ္တမန္ဒူ မတ် ၅
နီပေါနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ပြည်သူအများအပြားက ဆန္ဒမဲပေးခဲ့ကြပြီး ခတ္တမန္ဒူမြို့တော်ဝန်ဟောင်း ဘာလန်ဒရာရှာ ကျောထောက် နောက်ခံပြုထားသည့် ပါတီအသစ်က ထောက်ခံ မဲအများဆုံးရရှိရန် ရေပန်းစားလျက်ရှိသည်။
အဆိုပါ ရွေးကောက်ပွဲသည် စက်တင်ဘာလက လူငယ်များဦးဆောင်သည့် ဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်သည်။ ဆန္ဒမဲပေးခြင်းကို မတ် ၅ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီတွင် စတင်ခဲ့သည်။
မြို့တော်ဝန်ဟောင်း ဘာလန်ဒရာရှာသည် ဝန်ကြီးချုပ်ဖြစ်လာရန် အာရုံစိုက်ခံနေရကြောင်း သိရသည်။
Rastriya Swatantra Party သို့မဟုတ် RSP ပါတီဝင်များက အသက် ၃၅ နှစ်အရွယ် ဘာလန်ဒရာရှာအား ပါတီကိုယ်စားလှယ်လောင်းအဖြစ် အလေးပေးနေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ ပါတီသည် လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို အခိုင်အမာရရှိထားကြောင်း သိရသည်။
အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက RSP ပါတီသည် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆန္ဒမဲရေတွက်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


