မတ္တရာ မတ် ၅

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လက်ရှိတွင် ရိတ်သိမ်းလျက်ရှိ‌သည်။ 

 

မတ္တရာမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်းစသည့် သီးနှံများ စုစုပေါင်း စိုက်ဧက ၂၃၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ရာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး လက်ရှိအချိန်တွင် ရိတ်သိမ်းလျက်ရှိရာ ၂၅ ရာခိုင်နှုန်းသာ ရိတ်သိမ်းရန်ကျန်ရှိကြောင်း သိရသည်။ 

 

 အဆိုပါမတ္တရာမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲစိုက်ဧက ၁၃၀၀၀ ကျော်၊ နှမ်းဧက ၉၀၀၀ ကျော်၊ နေကြာ ၁၀၀၅ ဧက၊ ပန်းနှမ်း ၁၀၅ ဧက၊ ဆီမုန်ညင်း ၆၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား နေကြာမျိုးကောင်းမျိုးသန့်များကို ဧက ၁၀၀ အခမဲ့ ထောက်ပံ့ပေးခဲ့ပြီး ဆောင်းသီးနှံ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)