ကျွန်းစု ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၈ ရက်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပြီး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက ဖတ်ရှုလေ့လာကြသည်။
ထို့နောက် ပျော်ရွှင်ဖွယ်ကစားနည်းများဖြင့် ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)


