နေပြည်တော် မတ် ၆
၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် တိုင်းစစ်ဌာနချုပ်အဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ် ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများက စာမေးပွဲ ဖြေဆိုနေသည့် အရာရှိ၊ စစ်သည်များအား သွား ရောက် ကြည့်ရှုအားပေးကြသည်။
အဆိုပါ တိုင်းစစ်ဌာနချုပ်အဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် ကျိုင်းတုံတပ်နယ်၊ တာချီလိတ်တပ်နယ်နှင့် မိုင်းဆတ်တပ်နယ်အပါအဝင် တပ်နယ် ၁၃ ခုမှ အရာရှိ၊ စစ်သည် ၁၀၈ ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


