ရန်ကုန် မတ် ၆

CarsDB က ကြီးမှူးကျင်းပသည့် လုပ်ငန်းသုံးကားများ၊ အိမ်စီးကားများနှင့် Luxury ကားများစသဖြင့် ဆီကား၊ EV ကား အစုံအလင်ကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်မည့် Auto Fair by CarsDB ကားအရောင်းပြပွဲကြီးကို မတ် ၆ ရက်မှ ၈ ရက်အထိ သုံးရက်တိုင်တိုင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လှိုင်မြို့နယ်(အင်းစိန်လမ်းမကြီးနှင့် သံလမ်းမှတ်တိုင်အနီး) ပဏ္ဍိတလမ်းပေါ်ရှိ BMF (Pannita Auto Park) ၌ ကျင်းပလျက်ရှိသည်။

 

ယင်းကားပြပွဲတွင် လုပ်ငန်းသုံးကားများအတွက် အထူးအစီအစဉ်အနေဖြင့် FAW Truck ကဲ့သို့သောလုပ်ငန်းသုံးကား များကို သိန်း ၇ဝဝ ကျော်မှ စတင်ဝယ်ယူနိုင်မည့်အပြင် လစဉ် ၁ဝ သိန်းကျော်သွင်းပြီး လေးနှစ်အရစ်ကျဖြင့် ဝယ်ယူနိုင် မည့်အခွင့်အရေးများလည်း ရရှိနိုင်မည်ဖြစ်သည်။

 

ထို့ပြင် အိမ်စီးကားများအတွက် သိန်း ၇၀၀ ကျော် ကားများမှစ၍ Premium Luxury Brand New ကား များအထိ စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ ပြပွဲတွင် ကားဝယ်ယူသူများ အခက်အခဲမရှိစေရန်အတွက် One Stop Service ဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားပြီး BMF ချေးငွေဖြင့် သုံးနှစ်အထိလည်းကောင်း၊ ဘဏ်များနှင့် ချိတ်ဆက်ပြီး ငါးနှစ်အထိ လည်းကောင်း အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

 

ထို့ပြင် Premium Luxury Brand New ကားများကိုလည်း ၄၀ ရာခိုင်နှုန်း Down Payment ပေးသွင်းပြီး သုံးနှစ် အရစ်ကျဖြင့် ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးများလည်း ရရှိမည်ဖြစ်သည်။ ကားနှင့်ပတ်သက်၍ အပြည့်အဝအကာအကွယ် များရရှိနိုင်ရေး အာမခံပိုင်းအတွက် GGI, KBZMS, GWI,FNI နှင့် A Insurance စသည့်အာမခံကုမ္ပဏီများ၏ အကာအကွယ်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်းပေးထားကြောင်း သိရသည်။

မျိုးမင်းသူရ