ပင်းတယ မတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတ် ၇ ရက်တွင် ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ပင်းတယမြို့နယ် သမဝါယမဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ပင်းတယမြို့နယ် မိုင်းအင်းကျေးရွာရှိ အောင်သီဟ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိသော သက်တန့်ရောင်စီမံကိန်း၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်အောင် အကောင်ထည်ဖော် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝိုးတောင်း


