ရန်ကုန် မတ် ၈

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်သာသနာနုဂ္ဂဟအသင်း ဂိုဏ်းပေါင်းစုံ အစိုးရပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သည့် (၁၂)ကြိမ်မြောက် “စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် (၉)ကြိမ်မြောက် မြို့နယ် ပထမပြန်စာမေးပွဲမှ စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကို ယနေ့မွန်လွဲပိုင်းက အောင်သုခပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒကထာ နာကြားခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

 

ထို့နောက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သာသနာ နုဂ္ဂဟအသင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်း၍ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စာပြန်ပွဲကြီးကြပ်ရေး ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။ 

ဖြိုးစန္ဒာ(ဆိပ်ကမ်း)