မတ် ၉

အာဖဂန်နစ္စတန်နိုင်ငံ၏ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ်အတွင်း သက်တမ်းကုန်ဆုံးသွားပြီး စံချိန်မမီသော တရားမဝင်ဆေးဝါးများ၊ အစားအသောက်များနှင့် ကျန်းမာရေးထုတ်ကုန်များတန်ချိန် ၁၂၉၀ ခန့်ကို ဖျက်ဆီးခဲ့ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

သက်တမ်းကုန်ဆုံးသွားပြီး  စံချိန်မမီသော တရားမဝင်ဆေးဝါးများ၊ အစားအသောက်များနှင့် ကျန်းမာရေးထုတ်ကုန်များကို ကဘူးလ်နှင့် အခြားပြည်နယ်များရှိ ဆေးဆိုင်များ၊ ဈေးဆိုင်များ၊ စူပါမားကတ်များနှင့် ဆိုင်များမှစုဆောင်းခဲ့ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ X အကောင့်တွင် ရေးသားထားသည်ဟု ဖော်ပြထားသည်။

မကြာသေးမီကဆောင်ရွက်ခဲ့သော ပြင်းထန်သည့်ထိန်းချုပ်ရေးလုပ်ဆောင်ချက်များသည် အာဖဂန်အစိုးရ၏ ကျန်းမာရေးနှင့် အစားအသောက်ကဏ္ဍများအပေါ် စည်းမျဉ်းစည်းကမ်းကြီးကြပ်မှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် မဟာဗျူဟာတစ်ရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုမဟာဗျူဟာသည် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ၊ မှောင်ခိုတင်သွင်းမှုများနှင့် တရားမဝင်ကုန်သွယ်မှုများကဲ့သို့ အချိန်ကြာမြင့်စွာ ရှိနေခဲ့သော ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို