သာယာဝတီ မတ် ၉

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်အတွင်း စုံရက်၊ မရက် ခွဲခြား၍ မော်တော်ယာဉ် မောင်းနှင်ခြင်းအား ပြည်သူများသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးစစ်ဆေး ဆောင်ရွက်ခြင်းကို ရန်ကုန်-ပြည်ကားလမ်းတွင် ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်သောအဖွဲ့က ဆောင်ရွက်သည်။

 

သာယာဝတီမြို့နယ်အတွင်း မောင်းနှင်သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်သူများအား စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် နေ့စဉ်အသုံးပြုနေကြသည့် မော်တော်ယာဉ်များအတွက် အသိပေးထုတ်ပြန်ချက်ကို တိကျစွာလိုက်နာဆောင်ရွက်သွားကြရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)