ရန်ကုန် မတ် ၉
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက် မဖြစ်ပေါ်စေရေး၊ ထပ်ခါထပ်ခါ ဖြည့်သွင်းမှု မရှိစေရေးအတွက် ပဲခူးမြစ်လမ်းရှိ DENKO စက်သုံးဆီ အရောင်းဆိုင်နှင့် ဧရာဝဏ်လမ်းရှိ BOC စက်သုံးဆီအရောင်းဆိုင်တို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင် ဦးဆောင်၍ တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များ နေ့စဉ်ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု၊ ပြန်လည်ရောင်းချမှုနှင့် ကျန်ရှိမှုအခြေအနေများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ စက်သုံးဆီ ပမာဏကန့်သတ်ရောင်းချမှု ရှိ/မရှိ၊ ဆီဆိုင်များတွင်ကားများ တန်းစီ၍ ဝယ်ယူမှုအခြေအနေများနှင့် တရားမဝင်စက်သုံးဆီ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး၍ စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)


