တိုက်ကြီး မတ် ၉

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စက်သုံးဆီခြိုးခြံ ချွေတာရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်နှင်းသက်တို့က စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် ပို့ဆောင်ရေး ယာဉ်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့် မောင်းနှင်သွားလာရေး၊ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလမ်းညွှန်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)