မကွေး မတ် ၉

 

မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ခဲပန်းချီသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို ယနေ့နံနက်ပိုင်းမှစ၍ အခမဲ့ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 

လက်တွေ့သင်ကြား

ဦးစွာ မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ယခုသင်တန်းများတွင် သင်ကြားပေးသည့်ပညာရပ်များကို သေချာလေ့လာမှတ်သားစေလိုကြောင်း ပြောကြားကာ ပန်းချီကျွမ်းကျင်ပညာရှင် ဦးသူရိန်မြိုင်နှင့် ပန်းချီပညာရှင်များက ခဲပန်းချီရေးဆွဲနည်းများကို လက်တွေ့သင်ကြား ပေးသည်။ မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာနည်းပြဆရာများက အင်္ဂလိပ်စာသင်တန်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသည်။

 

အဆိုပါသင်တန်းများကို မတ် ၉ ရက်မှ ၃၀ ရက်အထိ ရက်သတ္တ သုံးပတ်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ ၅၇ ဦးတို့ သင်ကြားလျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)