သထုံ မတ် ၉

 

မွန်ပြည်နယ် သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သည်။

 

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ရှင်းလင်းပြောကြား

ယင်းနောက် သင်တန်းနည်းပြ ပန်းချီပညာရှင် ဦးအောင်ဆန်းက အခြေခံပန်းချီပညာရပ်အား နားလည်ပြီး ကြံဆရေးဆွဲနိုင်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာရေး၊ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အသုံးဝင်မှုများနှင့် ပန်းချီပညာရပ်၏ အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ သင်တန်းကို ဆက်လက်ပို့ချသည်။

 

အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ ၃၀ ခန့် တက်ရောက်ကြပြီး ပန်းချီပညာရှင် နည်းပြနှစ်ဦးတို့က အခြေခံပန်းချီ စနစ်တကျ ရေးဆွဲနည်းတို့ကို ရက်သတ္တတစ်ပတ်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)