နေပြည်တော် မတ် ၉
၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ စစ်သည်တော်ကျင့်ဝတ် ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ အရာရှိ၊ စစ်သည် ၁၂၆ ဦး ပါဝင်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


