မတ် ၁၀

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေများရုတ်တရက်ပြိုကျမှုကြောင့် လူခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

 

ယင်းဖြစ်ရပ်သည် ယမန်နေ့ညနှောင်းပိုင်းတွင် ပြည်နယ်၏ ဂူရူဂရမ်ခရိုင်ရှိ ဆောက်လုပ်ဆဲအိမ်ရာစီမံကိန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူအားလုံးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော အလုပ်သမားများဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို