နေပြည်တော် မတ် ၁၀

 

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား အစီအစဉ်မှ “အကြမ်းဖက်တွေရဲ့ နွေဦးတော်လှန်ရေးခေါင်းစဉ်အောက်မှာ သာသနာ့ဝန်ထမ်း ဘုရားသားသမီးတွေရဲ့ ဆွမ်းခံခရီးတောင် အန္တရာယ်မကင်းတော့ပြီလား ခေါင်းစဉ်ဖြင့် မတ် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။

 

လာမည့်အပတ် မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီ တွင် “ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပေါ် အာဏာလွှဲဖို့ လုပ်နေချိန်မှာ ဘာလုပ်ရမှန်းမသိ ကြောင်ပျောက်နေတဲ့ NUG ၊ PDF” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေး တင်ဆက်မည်ဖြစ်ပါသည်။ အထက်ပါအစီအစဉ်အား အပတ်စဉ် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ ပါဝင်နိုင်ပြီ ဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

သတင်းစဉ်